အနာဂတ်
ကြယ်ပွင့်လေးတွေ
ရင်ဆိုင်ကြုံတွေ့
ဒုက္ခဆိုးတွေရယ်
လောကရဲ့အကြောင်း
ဘာမှမသိသေးတဲ့အရွယ်
မလုံခြုံတဲ့
နေရာထဲ
ရှင်သန်နေရတယ်
ရင်ထဲ
ဒဏ်ရာများနဲ့
နာကျည်းစွာပဲ
လူ့ဘဝရဲ့အလယ်
ငါတို့ရဲ့လက်များနဲ့
ဖေးမကူမယ်
ကြင်နာခြင်း
စာနာခြင်း
မွန်မြတ်ခြင်းစိတ်တွေနဲ့
ပန်းလေးများပွင့်ဖို့
အဖူးအငုံ
သူတို့ဘဝတွေရယ်
ရေလောင်းပေါင်းသင်မယ့်
ဥယျာဉ်မှူးများလိုတယ်
စာနာစိတ်ထား
မေတ္တာတရားတွေနဲ့
ဒီကလေးတို့ရဲ့ဘဝ
လင်းလက်စေမယ်
သွေးရင်းပမာလို
တို့စိတ်ထဲဝယ်
ကြယ်ရောင်စုံလေးများ
တချိန်မှာတောက်ပနေမယ်က
လေးတို့ပညာရေး
တို့တွေဝိုင်းလို့ကူမယ်
တို့ရဲ့အမိမြေ
တချိန်မှာကောင်းစားစေမယ်
ကြယ်လေးတို့ လက်ထဲ
ကျည်ဆံ ဗုံးဆံတွေကြားထဲ
ကြယ်လေးများပြေးလွှား
သေမင်းနဲ့လောင်းကြေးတွေထပ်
အသက်ဆက်ဖို့အတွက်
သူတို့ရဲရင့်နေတယ်
အမှောင်ကမ္ဘာထဲ
ဖြူစင်တဲ့
အို ကြယ်လေးများရယ်
အားမငယ်နဲ့
ဘဝကိုအရှုံးမပေးနဲ့ကလေးရယ်
တသွေးတည်းတသားတည်း
အားလုံးရှိနေမယ်
သစ်တစ်ပင်ကောင်းတော့
ငှက်တစ်သောင်းမကနားနိုင်တယ်
ဆိုတဲ့အတိုင်း
တူညီစွာ ကမ်းမယ်လက်
ပန်းလေးများပွင့်ဖို့
အဖူးအငုံ
သူတို့ဘဝတွေရယ်
ရေလောင်းပေါင်းသင်မယ့်
ဥယျာဉ်မှူးများလိုတယ်
စာနာစိတ်ထား
မေတ္တာတရားတွေနဲ့
ဒီကလေးတို့ရဲ့ဘဝ
လင်းလက်စေမယ်
သွေးရင်းပမာလို
တို့စိတ်ထဲဝယ်
ကြယ်ရောင်စုံလေးများ
တချိန်မှာတောက်ပနေမယ်က
လေးတို့ပညာရေး
တို့တွေဝိုင်းလို့ကူမယ်
တို့ရဲ့အမိမြေ
တချိန်မှာကောင်းစားစေမယ်
စာနာစိတ်ထား
မေတ္တာတရားတွေနဲ့
ဒီကလေးတို့ရဲ့ဘဝ
လင်းလက်စေမယ်
သွေးရင်းပမာလို
တို့စိတ်ထဲဝယ်
ကြယ်ရောင်စုံလေးများ
တချိန်မှာတောက်ပနေမယ်က
လေးတို့ပညာရေး
တို့တွေဝိုင်းလို့ကူမယ်
တို့ရဲ့အမိမြေ
တချိန်မှာကောင်းစားစေမယ်
ကြယ်လေးတို့လက်ထဲ